ကျွန်တော် မအားတာနဲ့ နည်းပညာတွေ ဆော့ဝဲလေး တွေလည်း မတင်ရတာ ကြာနေပြီ။ ဒါကြောင့် ဒီတစ်ခါ အလည်လာရောက်ကြ သော မိတ်ဆွေများအတွက် လက်ဆောင်လေးတစ်ခု ပေးချင်ပါတယ်။
Mozilla Firefox သုံးသောသူများအတွက် လက်ဆောင်လေးပါ။ သိတဲ့သူများ ခွင့်လွတ်ပါ။ မသိသေးသော မိတ်ဆွေများ အတွက် တင်ပေးလိုက်ပါတယ်။ အရင်က Firefox Setup 3.6.12 ကနေ အခု Firefox Setup 4.0 Beta 7 အသစ်ထွက်နေပါပြီ။ အသစ်ဆိုတော့ ကောင်းတာပေါ့ဗျာ အရင်ဟာလေး ထက် အခုဟာလေးက သုံးရတာ အလွန်ကောင်းမွန်ပြီး Microsoft အတွက် သာမက Mac အတွက်ပါ သင့်လျှော်ပါတယ်။
ဒါကြောင့် စာဖတ်သူ မိတ်ဆွေများကိုလည်း အသစ်ဖြစ် Firefox Setup 4.0 Beta 7လေးကို အသုံးပြုဖို့တိုက်တွန်းပါတယ်။ အခုထွက်တဲ့ အသစ်လေး မှာ အသစ် အသစ်သောနည်းပညာတွေနဲ့ ဒီိဇိုင်းလေးတွေ အပါအဝင် Flashplayer များပါ အကုန် Update လုပ်ထားပြီးသားတွေ လည်းပါဝင်ပါတယ်။
နောက်ပြီး အင်တာနက် Connection မကောင်းတဲ့ မိတ်ဆွေများလည်း MozillaFirefox Version4.0 Beta 7 လေးကို သုံးကြည့်လိုက်ပါ။ မြန်မာပြည်က သူငယ်ချင်းတွေ အတွက် အဆင်ပြေမယ်လို့ထင်ပါတယ်။ သုံးရတာလည်း တကယ် လန်းတယ်ဗျာ။
No comments:
Post a Comment