Friday, 11 November 2011

Internet အသုံးပြုရန် shortcuts

ဒီတစ်ခါ ကျွန်တော် တင်ချင်တဲ့ ပိုစ် လေးကတော့ Internet Explorer's shortcuts လေးတွေပဲဖြစ်ပါတယ် ကျွန်တော်တို့ အင်တာနက်စာ မျက်နှာကို နေ့စဉ် အသုံးပြု နေရတဲ့အတွက် ပိုမိုမြန်ဆန် တဲ့ shortcuts ကီးလေးတွေ သိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တင် ထားပေးတဲ့ shortcuts လေးတွေ အင်တာနက် အသုံးပြုနေတဲ့ သူငယ်ချင်းတွေ အားလုံးအတွက် ရည်ရွယ်ပြီး မျှဝေလိုက်ပါတယ်။


Internet Explorer's shortcuts

Mouse ကိုမသုံးပဲ Address bar ပေါ်သို့ရွှေ့  ခြင်း

website address (URL) အားရိုက်ထည့်ရန်Address bar တွင် mouse ဖြင့် click တစ်ချက်နှိပ်ရမည့်အစား Keyboard ပေါ်မှ ALT + D ကိုနှိပ်ပါ။
ဒီနေရာမှာ + လက္ခာ၏ဆိုလိုချက်မှာ ALT key အားနှိပ်ထားပါ။ မလွှတ်ပါနှင့်။ D key အားတစ်ချက်နှိပ်၍ ပြန်လွှတ်ပါ။ ပြီးမှ ALT key အားလွှတ်ပါ။

http://www နှင့် .com များမပါဘဲ URL အား shortcuts key ဖြင့်ရိုက်ထည့်ခြင်း

Address bar တွင် website နာမည်တစ်မျိုးတည်းသာ ရိုက်ထည့်ပါ။ (ဥပမာ-google) ပဲရိုက်ထည့်ပါ။ ပြီးရင် keyboard မှ CTRL + Enter ကိုနှိပ်ပါ။
Internet Explorer မှ Address အပြည့်အစုံကို အလိုအလျှောက် ရိုက်ထည့်ပေးသွားပါမည်။ဒီ Chortcut ဟာ ( .com) များအတွက်သာ အသုံးပြု၍ရမှာဖြစ်ပါတယ်။

website တစ်ခုထက်ပို၍ တပြိုင်နက် ဖွင့်သုံးခြင်း

website တစ်ခုအား အရင်ဖွင့်လိုက်ပါ။ CTRL + N နှိပ်ပါ။ပထမဖွင့်ထားသော window နှင့်တူသော နောက်ထပ် IE window ထပ်ပွင့်လာပါမည်။ Address bar နေရာတွင် အခြား website တစ်ခု၏ address အားရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Web page များစွာကိုဤနည်းအတိုင်း လွယ်ကူမြန်ဆန်စွာ ဖွင့်နိုင်ပါလိမ့်မယ်။

Download လုပ်နေစဉ် ရပ်ပစ်ခြင်း
Web page တစ်ခုအား Download လုပ်နေစဉ် ရပ်ပစ်ရန် keyboard မှ Esc key ကိုနှိပ်ပါ။ဒါမှမဟုတ် Toolbar ပေါ်တွင်ရှိသော STOP button ကြက်ခြေခတ် X ပုံစံတွင် တစ်ချက်နှိပ်ပါ။

Download ကောင်းစွာအလုပ် မလုပ်၍ refresh လုပ်ခြင်း
Refresh button တွင် တစ်ချက်နှိပ်ပါ။
keyboard မှ CTRL + R သို့မဟုတ်ပါက F5 key ကိုနှိပ်ပါ။

Web page အား print လုပ်ခြင်း
လက်ရှိ Webpage အား print လုပ်လိုလျှင် CTRL + P နှိပ်ပါ။

Web page အား Full screen ဖြင့် ကြည့်ခြင်း
Full screen ဖြင့် ကြည့်လိုလျှင် F11 key ကိုနှိပ်ပါ။ Normal screen ပြန်သွားလိုလျှင် F11 key အား ပြန်နှိပ်ပါ။

Backward နှင့် Forward button များကို အသုံးပြုခြင်း

Internet Explorer window တစ်ခုထဲမှာပဲ webpage အတော်များများကိုဖွင့်ကြည့်တဲ့ အခါမှာလက်ရှိ page ကနေပြီးခဲ့တဲ့ page တစ်ခုခုကိုပြန်သွားလိုလျှင် toolbar ပေါ်မှ Back button တွင်တစ်ချက်နှိပ်ပါ။ ALT + left arrow ကိုနှိပ်ပါ။ အရှေ့ပြန်သွားလိုလျှင် Forward button တွင်တစ်ချက်နှိပ်ပါ။

Web page ပေါ်တွင် ရှိသော စကားလုံး၁လုံး (သို့) စကားစုတစ်စုအားရှာခြင်း
CTRL+ F ကိုနှိပ်ပါ။ Find dialog box တွင် ရှာလိုသော စကားလုံးကိုရိုက်ထည့်ပါ။ Find next တွင် တစ်ချက်နှိပ်ပါ။

Address bar တွင်ရိုက်ခဲ့သော URL များ၏ List များကို ပြန်ခေါ်ကြည့်ခြင်း
F4 key ကိုနှိပ်ပါ။

Web page အဆုံးသို့သွားရန် End key ကိုနှိပ်ပါ။

IE windows အားပိတ် ရန် CTRL + W ကိုနှိပါ။

အားလုံးပဲ အင်တာနက် သုံးတဲ့အခါ အဆင်ပြေနိုင်ပါစေဗျာ။
www.nyinyismit.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

page