Monday 13 February 2012

USB Block software လေးနဲ့ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ကြပါစို့။


အခုတစ်လော ကျွန်တော်ပို့စ် အသစ် မတင်ဖြစ်တာကြာပြီဗျာ။ လာရောက်အားပေးတဲ့သူငယ်ချင်းတွေကို အားနာပါတယ်ဗျာ။ဒီတစ်ခါတော့ အရမ်းကောင်းတဲ့ဆော့ဝဲလေးတစ်ခု ကျွန်တော်တင်ပေးပါ့မယ်။ ဒီဆော့ဝဲရဲ့ ကောင်းချက်တွေ ကျွန်တော်အရင်ပြောပြပါ့မယ်။ ကိုယ့် ကွန်ပြူတာထဲက အချက်အလက်တွေ သူများတွေ ကူးယူမှာစိုးရိမ်တယ် ဆိုရင် ဒီဆော့ဝဲလေး တင်ထားလိုက်ပါ။ဒီဆော့ဝဲလေးကိုတင်ထားပြီးရင် ဘယ်လိုနည်းနဲ့မှ ကူးယူလို့ ရမှာမဟုတ်ပါဘူး။ မန်မိုရီ စတစ် ထိုးလိုက်တာနဲ့ ဘလော့လုပ်ပြီး
password တောင်းပါတယ်။ အဲ့ဒါနဲ့ မရလို့ အခွေနဲ့ကူး မယ်မကြံပါနဲ့ အဲ့ဒါလည်းမရပါဘူး။ အဲ့ဒိလိုမရလို့ ကြံရာမရ အင်တာနက်ချိတ်ဖို့လည်း မစဉ်းစားပါနဲ့ အကုန်ပိတ်ထားပေးလို့ရပါတယ်။ ဒီတော့ကိုယ့်ကွန်ပြူတာ ထဲက အချက်အလက်တွေ သူများကူးယူ ခြင်း မဖြစ်နိုင်အောင်ကာကွယ်တာပါ။ဒါပေမဲ့ စက်ကို ခိုးသွားပြီး တစ်စစီ အထဲက ဟာတွေအကုန်ယူသွားရင်တော့ ဟိဟိ တားတားသိဘူးနော်။ အိုကေ စလိုက်ရအောင် အရမ်းသုံးချင်နေပြီဆိုတာသိနေပါပြီ ဟဲဟဲ ဆော့ဝဲကိုတော့ ဒီမှာ ဒေါင်းလိုက်ပါ။
ဒေါင်းပြီးရင်တော့ အောက်မှာထုံးစံအတိုင်းပုံလေးတွေနဲ့ပြထားပေးပါတယ်။အဆင့်တွေတကယ်များပါတယ်။
သည်းခံပြီးဖတ်ပေးပါ။ အဲ့ဒိလိုဖတ်မှ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။





install လုပ်ပြီးရင် ကျွန်တော်ပေးထားတဲ့ အထဲက crack folder ထဲက lic ဆိုတဲ့ဖိုင်လေးကို
copy ကူးယူပြီး အပြီးထွက်လိုက်ပါ။ကူးယူပြီးရင် desktop ပေါ်မှာရှိတဲ့ usb block shortcut လေးပေါ်မှာ
right click နှိပ်ပြီး properties ကိုနှိပ်လိုက်ပါ။ပြီးရင်အောက်ပုံလေးတွေအတိုင်းလိုက်နှိပ်လိုက်ပါ။

ဒီနေရာမှာ right click နှိပ်ပြီး paste လုပ်တဲ့အခါ lic ဖိုင် ရှိပြီးသားဖြစ်တဲ့အတွက် replace လုပ်မလားမေးလာခဲ့ရင် yes လုပ်လိုက်ပါ။



registered successful ကိုok ပေးပြီးတဲ့အခါ apply ပြီးမှ ok နှိပ်ပါ။

ဒီအဆင့်ပြီးရင်တော့ desktop ပေါ်က usb block ရှော့ကတ်လေးကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်းပေါ်မှာပါ


ပိတ်ချင်တာတွေကိုစိတ်ကြိုက်ရွေးပါ။ပြီးရင်အမှတ်ပေးပါ။

password ပြောင်းချင်တာ software ကိုဖြုတ်ချချင်တယ်ဆိုရင် program options ကိုနှိပ်ပြီး စိတ်ကြိုက်လုပ်နိုင်ပါတယ်။

သတိ။
ဆော့ဝဲအလုပ် လုပ်မလုပ်ကို စမ်းကြည့်ပါ။ မလုပ်ဘူးဆိုရင် desktop ပေါ်က shortcut ဖွင့်ပြီး
အမှတ်ပေးထားတာတွေကို ဖြုတ်ပြီးအမှတ် အသစ်ပြန်ပေးပါ။အောက်ကပုံမှာပြထားပါတယ်။

software တကယ်အလုပ်တယ်ဆိုရင် ကိုယ်ပိတ်ထားတဲ့ drive ထဲမှာပါနေရင်
ထိုးလိုက်တာနဲ့ ညာဘက် ဒေါင့်မှာ အောက်ကပုံလိုပေါ်လာမှာပါ။

password ထည့်ပေးပြီးရင် သုံးလို့ရပါပြီ။
သတိထားရမှာက password မှားထည့်မိရင် အဲ့ဒိ drive ကို password အမှန်ဖြစ်တာတောင်လက်မခံတော့ပါဘူး။ အဲ့ဒိလိုဖြစ်လာရင် restart ချလိုက်ပါ။ စက်ပြန်တက်လာရင် password မမှားအောင်သေချာရိုက်ပါ။ အဲ့ဒိလိုဆို အိုကေသွားပါလိမ့်မယ်။
အားလုံးပဲ အဆင် ပြေ စွာ အသုံးပြု နိုင်ကြ ပါစေဗျာ။
www.nyinyismit.blogspot.com

1 comment:

  1. ကိုညီ. အများကြီးအဆင်ပြေသွားပြီ.ကျေးဇူးလည်းတင်ပါတယ်.

    ReplyDelete

Related Posts Plugin for WordPress, Blogger...

page