Sunday 22 April 2012

Keyboard အကြောင်းသိချင်တဲ့ သူငယ်ချင်းများအတွက်


ပို့စ်မတင်ဖြစ်တာကြာပြီဗျာ Keyboard အကြောင်းလေး ကျွန်တော်သိသလောက် ရေးပေးထားတာပါ။ mouseကတော့အကုန်လုံးသိကြပြီးသားဖြစ်မှာပါ။အခုကီးဘုတ်ပေါ်မှာရှိတဲ့ခလုတ်တွေက အများကြီးပါ။သိထားရင်ကိုယ့်အတွက်အခက်အခဲမရှိအလွယ်တကူ အသုံးပြုနိုင်မှာပါ။


Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါဝင်ပါတယ်။

Keyboard မှာ 101 Keys အနည်းဆုံးပါဝင်ပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါနေပါပြီ။

Escape Key

မိမိလုပ်နေတဲ့အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမယ်။

Function Keys
F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key များလို့  ခေါ်ပါတယ်။

မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Function Key ဟာ အသုံးဝင်တဲ့ Keys များပဲ ဖြစ်ပါတယ်…တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာမှာပါ။

Alt+F4 နှိပ်လျှင် မိမိဖွင့်ထားသော window ပေါ့ဗျာ ဥပမာ စာဖတ်နေတာပဲဖြစ်ဖြစ်ပေါ့ အဲ့ဒါတွေကို ပိတ်သည့်အခါ သုံးနိုင်ပါတယ်။

မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမှာ ဖြစ်ပါတယ်…ကွန်ပြူတာကိုအမြန်ပိတ်ချင်သူများအတွက် သိထားသင့်ပါတယ်။

Backspace Key
Backspace Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်…အင်တာနက်စာမျက်နှာကြည့်သည့်အခါမှာလည်း back page အဖြစ်အသုံးပြုနိုင်ပါတယ်။
(cursor =စာရေးမည့်နေရာမှာ ဘာတန်းလေးမှိတ်တုပ်မှိတ်တုပ်ဖြစ်နေတာလေးပါ)

Delete Key
Delete Key ကတော့ ဖျက်ချင်တာ မှန်သမျှ စာလုံး သို့မဟုတ် ဓါတ်ပုံ သီချင်းဖိုင် အားလုံးဖျက် ချင်တဲ့အခါ သုံးနိုင်ပါတယ်။


Status Lights
Status Light ဟာ Number Lock ဒါမှမဟုတ် Caps Lock ပိတ်၊ မပိတ် ပြပါတယ်…

Numeric Keypad
Numeric Keypad မှာ Num Lock မီးလင်းနေရင် နံပါတ်များကို သုံးနိုင်ပြီး Num Lock ပိတ်ထားပါက ညာဘက်က number key တွေကို အသုံးပြုလို့ရမှာမဟုတ်ပါဘူး။
numberic key တွေနဲ့ mouse အသုံးပြုပုံကို အရင်ပို့စ်တွေ မှာ တင်ထားပြီးပါပြီ။
ဒီနေရာလေးမှာဖတ်ကြည့်နိုင်ပါတယ်။

Arrow Key
Arrow Key များဟာ Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းရာတွင် အသုံးပြုနိုင်ပါတယ်…

Enter Key

မိမိအလုပ်ပြီးမြောက်တဲ့အခါ Enter Key ကို နှိပ်ပါတယ်… စာရေးတဲ့ Program တွေမှာတော့ နောက်စာပိုဒ်တစ်ခုကို ပြောင်းလိုတဲ့အခါ Enter Key ကို နှိပ်ပါတယ်။
folder တစ်ခုကိုနာမည်ပေးပြီးရင် Enetr key နှိပ်ပြီးအသုံးပြုနိုင်ပါတယ်။

Spacebar
Spacebar ဟာ Space ခြားချင်တဲ့အခါ သုံးပါတယ်။
Spacebar ဟာ ကီးဘုတ်ပေါ်က ဘာတန်းအရှည်ကြီးပါ။ စာလုံးတွေကို ခွာရေးတဲအခါအသုံးပြုပါတယ်။

Windows Key
Windows key ကို နှိပ်ရင် Start menu ကို ဖွင့်လိုက်တာနဲ့အတူတူပါပဲ။

Ctrl and Alt Keys
Ctrl နဲ့  Alt Key များဟာ တခြား Key များနဲ့  တွဲနှိပ်ခြင်းဖြင့် အသုံးဝင်သော Command များ ပေးနိုင်ပါတယ်။
ဥပမာ...Ctrl+S ဆိုလျှင် Save Command ပါ။
Ctrl+C ဆိုလျှင် Copy ဖြစ်ပြီး Ctrl+V ဆိုလျှင် Paste ဖြစ်ပါတယ်။
တစ်ခုခုမှားသွားခဲ့လျှင် Ctrl+Z နှိပ်ပါက Undo Command နဲ့ တူပါတယ်။
Ctrl+A ဟာ Select All ဖြစ်ပါတယ်။ဒါလေးတွေလည်းသိထားသင့်တယ်ထင်ပါတယ်။

Caps Lock and Shift Keys
Caps Lock ဟာ စာအားလုံးကို အကြီးအဖြစ်အားလုံးရေးချင်တဲ့အခါမှာ သုံးတာပါ

သာမန်စာရေးတဲ့အခါ Caps Lock on ထားစရာမလိုပဲ Shift နဲ့  Letter Key တွဲနှိပ်ပြီးသုံးရင်လည်း အကြီးစာလုံး ဖြစ်ပါတယ်။

Built-in Enhancements
တစ်ချို့ သောKeyboard များတွင် touchpad, microphone, speaker နဲ့  Volume Control များကို တပ်ဆင်ထားပါတယ်။
ဒီလိုမျိုးတွေကိုတော့ ကြည့်လိုက်ရင်ဖြင့် နှိပ်တတ်မယ်လို့ယုံကြည်ပါတယ်။

Position your hands
ကီးဘုတ်ပေါ်က F နဲ့ J ဟာ ထူးခြားပါတယ်။မိမိလက်အနေအထားကို Keyboard မကြည့်ပဲ ထားနိုင်ရန် F နဲ့  J Key တို့ တွင် အဖုလေး ပြုလုပ်ပေးထားတာပါ။
ကီးဘုတ်ပညာရှင်ကို တော့တကယ်လေးစားပါတယ်။လက်ရဲ့ position နဲ့အညီပဲ စာလုံးတွေကို တည်ဆောက်ထားတာပါ။

Keyboard Shortcuts
Keyboard Shortcut Key များတွင် Ctrl+ C လို့ ပြထားလျှင် ပထမ Key ဖြစ်သော Ctrl Key ကို ဖိထားပြီး ဒုတိယ Key ဖြစ်သော C ကို နှိပ်ရ မှာဖြစ်ပါတယ်။
shortcut key တွေကိုလည်းကျွန်တော် နောက်ပို့မှာတင်ပေးမှာပါ။

Print Sceen ပြုလုပ်ခြင်း
ဒါလေးကိုလည်းသိထားသင့်ပါတယ်။ တစ်ခါ တစ်လေ ပေါ့။ ကိုယ့်ကျွန်ပြူတာပေါ်က ပုံရိပ်တွေ ဖမ်းယူတဲ့အခါမှာအသုံးဝင်ပါတယ်။
Keyboard မှာပါတဲ့ PrtSc Key ဟာ Print Screen ပါ

၁။ မိမိ Monitor တွင် တင်ထားသောပုံကို လိုချင်လျှင် PrtSc Key ကို နှိပ်လိုက်ပါ။

၂။ Start>>>All Program>>>Accessories>>>Paint ကို ဖွင့်လိုက်ပါ။

၃။ Edit Menu ကို နှိပ်ပြီး Paste ပြုလုပ်ပါက မိမိ Monitor Screen ကို ကူးယူပြီးသားတွေ့ ရမှာပါ။

၎။ ပုံအဖြစ် သိမ်းမယ်ဆိုရင်တော့ File>>>Save as ကို နှိပ်ပြီး Save as type မှာ JPEG နဲ့  သိမ်းပါ။ Bitmap Image အနေနဲ့ သိမ်းလျှင် File Size ကြီးပါတယ်။

Monitor ပေါ်ရှိ Windows (ဥပမာ အင်တာနက်စာမျက်နှာဖွင့်ထားတာကိုပဲလိုချင်တယ်ဆိုရင်ပေါ့) Alt+PrtSc ကို နှိပ်ရပါမယ်။
ပြီးရင် နံပါတ် ၂ မှာပြောထားသလို ပြန်လုပ်ကြည့်လိုက်ပါ။

ဒီလောက်သိသွားရင်တော့ ကီးဘုတ်အသုံးပြုရတာ အဆင်ပြေမယ်လို့မျော်လင့်ပါတယ်။
အသိပညာများ တိုးပွားနိုင်ကြပါစေဗျာ။
www.nyinyismit.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

page